Anything You Want (2011) စာအုပ်က ကိုယ့်ရဲ့ အိပ်မက်ထဲက စီးပွားရေးလုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်အောင် ကူညီလမ်းညွှန် ပြသပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာ ငွေကြေး အမြောက်အမြား၊ အကြံဉာဏ် အမြောက်အမြား၊ နည်းပညာ အကူအညီတွေ အများအပြား အသုံးချပြီး သာမန်ရိုးကျ နည်းလမ်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို လုပ်ဆောင်ခြင်းက မှားယွင်းနေတယ် ဆိုတဲ့ အကြောင်းတွေကိုလည်း ဖော်ပြပေးထားပါတယ်။
တကယ်တမ်း အောင်မြင်မှုအတွက် အဓိက အချက်ကတော့ ကိုယ်နဲ့ ကိုယ့်ရဲ့ ထူးခြားပြောင်မြောက်တဲ့ အတွေးအခေါ်တွေပဲ လိုအပ်ပါတယ်။