New York Times bestseller စာအုပ်တစ်အုပ် ဖြစ်ပြီးတော့ အုပ်ရေပေါင်း ၁ သန်းကျော် ရောင်းချခဲ့ရတဲ့ Atomic Habits (2018) စာအုပ်က အလေ့အကျင့်ကောင်းတွေကို ဖန်တီးနိုင်ဖို့ အတွက်နဲ့ ဆိုးဝါးတဲ့ အလေ့အကျင့်တွေကို ရှင်းထုတ်နိုင်ဖို့အတွက် လက်တွေ့ကျတဲ့၊ သက်သေပြထား တဲ့ နည်းလမ်းတွေကို ဖော်ပြပေးထားပါတယ်။
သိပ္ပံပညာ သုတေသန ပြုချက်တွေနဲ့ တကယ့်လက်တွေ့ဘ၀ထဲက ဥပမာတွေကို ဖော်ပြပေးထားပြီး အမူအကျင့်တွေမှာ သေးငယ်တဲ့ အပြောင်းအလဲလေးတွေကတောင် အလေ့အကျင့် အသစ်တွေကို ဖြစ်ပေါ်စေနိုင်တယ် ဆိုတာနဲ့ ကြီးမားတဲ့အရာတွေကို ပြီးမြောက်အောင် ကူညီပေးနိုင်တယ် ဆိုတဲ့ အကြောင်းတွေကို ဒီစာအုပ်ထဲမှာ ပြောပြပေးထားပါတယ်။