Badass Habits (2020) စာအုပ်က သင့်အတွက် အပြုသဘောဆောင်တဲ့ အလေ့အကျင့် အသစ်တွေကို ဘယ်လိုမျိုး တည်ဆောက်ရမယ် ဆိုတဲ့ နည်းလမ်းတွေကို ပေါ့ပေါ့ပါးပါး လမ်းညွှန် ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာ အဆင့်ဆင့် ဖော်ပြပေးထားတဲ့ နည်လမ်းတွေက သင့်မှာ အရင်က ရှိခဲ့တဲ့၊ ဆိုးဝါးတဲ့ အလေ့အကျင့် အဟောင်းတွေကို ကောင်းမွန်တဲ့ အလေ့အကျင့် အသစ်တွေနဲ့ အစားထိုးနိုင်အောင် ကူညီပေးနိုင်ပါလိမ့်မယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- ဆိုးဝါးတဲ့ အပြုအမူ၊ အလေ့အကျင့် အဟောင်းတွေကို စွန့်လွှတ်ဖို့ ခက်ခဲနေကြတဲ့ သူတွေ၊ ခေါင်းမာတတ်သူတွေ
- အလေ့အကျင့်တွေကို ပြောင်းလဲနိုင်ဖို့အတွက် စိတ်လှုံ့ဆော်မှု motivation လိုအပ်နေတဲ့ စိတ်မပါလက်မပါ ဖြစ်နေကြတဲ့သူတွေ
- ပိုမိုကောင်းမွန်တဲ့ အလေ့အကျင့်အသစ်တွေကို တည်ဆောက်နိုင်ဖို့အတွက် ရည်ရွယ်ထားကြတဲ့သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။