စွဲလမ်းရူးသွပ်စွာနဲ့ လုပ်ဆောင်တတ်ခြင်းကသာ ကိုယ့်ရဲ့ တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်ပါတယ်။ (Obsession is Your Only Option)
စွဲလမ်းရူးသွပ်တယ်ဆိုတာ နည်းနည်းတော့ အငြင်းပွားစရာကောင်းတဲ့ ကိစ္စဖြစ်ပါတယ်။ ဘာဖြစ်လို့လဲလို့တော့ ဒီကမ္ဘာကြီးမှာ သာမန် ပျှမ်းမျှအဆင့်နဲ့ ကျေနပ်နေတဲ့သူတွေ အများအပြား ရှိနေလို့ ဖြစ်ပါတယ်။ လူတွေက သူတို့ ရစရာရှိတာကိုပဲ ယူတတ်ကြပါတယ်။ နေလောက်၊ စားလောက်ရင် ကျေနပ်လောက်ပြီလို့ပဲ ယူဆတတ်ကြပါတယ်။ ဒါပေမယ့် ဒီလို နေလောက်၊ စားလောက်ရုံဆိုရင် ကျေနပ်ပါပြီလို့ ဆိုတဲ့သူတွေကလည်း အမြဲတမ်းကြီးတော့ အဆင်ပြေ ချောမွေ့နေတတ်ကြတာ မဟုတ်ပါဘူး။ အဲဒီအစား သူတို့မှာ အခက်အခဲ တစ်စုံတစ်ရာ ကြုံလာရတဲ့ အခါ လက်ထဲမှာ ပိုက်ဆံမရှိမှာ၊ တခြားသူတွေကို ကူညီနိုင်လောက်တဲ့ ငွေကြေးမရှိမှာ စတဲ့ အချက်တွေကို စိုးရိမ်ပူပန်မှုတွေ ရှိနေတတ်ကြပါတယ်။