Being Boss (2018) စာအုပ်က တီထွင်ဖန်တီးလိုစိတ်ရှိတဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေအတွက် ပိုမိုအောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို အကောင်အထည်ဖော် တည်ထောင်နိုင်ဖို့အတွက် နည်းလမ်းတွေ၊ လုပ်သင့်လုပ်ထိုက်တဲ့ အချက်တွေကို လမ်းညွှန်ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
သင့်ရဲ့ စီးပွားရေးလုပ်ငန်းတွေတင်သာ မကဘဲ သင့်ရဲ့ လူမှုဘ၀မှာပါ သူဌေးတစ်ယောက်လို အောင်မြင်စွာ၊ ပျော်ရွှင်စွာ နေထိုင်နိုင်ဖို့အတွက် ပန်းတိုင်တွေကို ဘယ်လိုမျိုး ချမှတ်သင့်တယ်၊ ဘယ်လိုမျိုး မှန်ကန်တဲ့ စိတ်ထားမျိုးတွေ ထားရှိသင့်တယ်၊ ဘယ်အရာတွေကို ပိုမိုအချိန်ပေး လုပ်ဆောင်သင့်တယ် ဆိုတဲ့ နည်းဗျုဟာတွေကို ဒီစာအုပ်ထဲမှာ ပြောပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- လှုံ့ဆော်မှု Aspiring လိုချင်နေကြတဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေ
- လက်တွေ့ကျတဲ့ အကြံဉာဏ်တွေကို ရှာဖွေနေကြတဲ့ အသေးစား စီးပွားရေး လုပ်ငန်းရှင်တွေ
- ကိုယ် ဝါသနာပါတဲ့ အလုပ်ကို အကောင်အထည်ဖော် လုပ်ဆောင်ဖို့အတွက် စဉ်းစားနေကြတဲ့ ဝန်ထမ်းတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။