Better Than Before (2015) စာအုပ်က ကိုယ်နဲ့ သင့်တော်ပြီး ကောင်းမွန်တဲ့ အလေ့အကျင့်တွေကို ဘယ်လို ဖန်တီးရမယ်၊ ထိန်းသိမ်းရမယ် ဆိုတာတွေနဲ့ ကိုယ့်အတွက် မကောင်းတဲ့ အလေ့အကျင့်တွေကို ဘယ်လို ဖျောက်ပစ်ရမယ် ဆိုတာတွေကို ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
Mahatma Gandhi က ပြောဖူးပါတယ်။
“ကိုယ့်ရဲ့ လုပ်ရပ်တွေက ကိုယ့်ရဲ့ အလေ့အကျင့်တွေ ဖြစ်ပါတယ်၊ ကိုယ့်ရဲ့ အလေ့အကျင့်တွေက ကိုယ့်ရဲ့ တန်ဖိုးတွေ ဖြစ်လာပါတယ်။ ကိုယ့်ရဲ့ တန်ဖိုးတွေက ကိုယ့်ရဲ့ အနာဂတ် ကံကြမ္မာ ဖြစ်လာပါတယ်”
ကိုယ့်ရဲ့ အနာဂတ်က ကိုယ့်ရဲ့ အလေ့အကျင့်တွေကို ပိုကောင်းအောင် လုပ်ဆောင်ဖို့အတွက် အကြောင်းပြချက် မဟုတ်ဘူးဆိုရင်လည်း တခြား ဘယ်အရာမှ မရှိနိုင်တော့ပါဘူး။
တကယ့် အမှန်မှာတော့ ကျွန်တော်တို့အားလုံးမှာ ကောင်းမွန်တဲ့ အကျင့်တွေနဲ့ ဆိုးဝါးတဲ့ အကျင့်တွေ ရှိကြပါတယ်။ ကောင်းတဲ့ အကျင့်တွေ ကိုယ့်မှာ ပိုဖြစ်စေချင်တတ်ကြပါတယ်။ ဆိုးဝါးတဲ့ အလေ့အကျင့်တွေ နည်းစေချင်ပါတယ်။ ဒီလိုမျိုး ဖြစ်လာအောင် ဘယ်လို လုပ်ဆောင်ရမလဲ။