Walt Disney, IBM, Boeing စတဲ့ Company ကြီးတွေက ရာစုနှစ်တစ်ခုစာလောက်ကြာအောင် သူတို့ရဲ့ အောင်မြင်မှုကို ဘယ်လိုနည်းလမ်းတွေနဲ့ ထိန်းသိမ်းထားတာလဲ? ဒီလို Company ကြီးတွေ ရေရှည်ရပ်တည်နိုင်တဲ့ အကြောင်းအရင်းက ကျွန်တော်တို့ ထင်ထားကြသလို Idea တွေ၊ သူတို့ရဲ့ ခေါင်းဆောင်တွေကြောင့် မဟုတ်ပါဘူး။ ရေရှည်ရပ်တည်နိုင်တဲ့ အဖွဲ့အစည်းကို တည်ဆောက်ချင်တဲ့ သူတို့ရဲ့ ခံယူချက်ကြောင့်ပဲ ဖြစ်ပါတယ်။ ရေရှည်ရပ်တည်နိုင်တဲ့ Company အားလုံးကို မောင်းနှင်နေတဲ့ အဓိကအချက်ကတော့ သူတို့ကို လမ်းကြောင်းမှန်ပေါ်မှာ ရှိနေစေတဲ့ Core Ideology တစ်ခုကြောင့်ပဲ ဖြစ်ပါတယ်။ ဒီ “Built to Last” စာအုပ်မှာတော့ Company တစ်ခုအနေနဲ့ အောင်မြင်မှုကို အချိန်အကြာကြီး ထိန်းသိမ်းထားနိုင်စေတဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ပြသထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- ရေရှည်ရပ်တည်နိုင်တဲ့ Company တွေအနေနဲ့ ရာစုနှစ်တစ်ခုလောက်ကြာအောင် အောင်မြင်မှုကို ဘယ်လိုထိန်းသိမ်းလဲဆိုတာ စိတ်ဝင်စားတဲ့ သူတွေ
- ကိုယ့်ရဲ့ Company၊ အဖွဲ့အစည်း၊ ဌာန၊ အသင်းအဖွဲ့တို့ကို ပိုပြီး အကျိုးဖြစ်ထွန်းစေချင်တဲ့ သူတွေ
- အဖွဲ့အစည်းနဲ့ပတ်သက်တဲ့ တန်ဖိုးတွေကို မြှင့်တင်ဖို့၊ တီထွင်ဆန်းသစ်မှုတွေကို အားပေးဖို့နဲ့ တိုးတက်မှုတွေကို မောင်းနှင်ဖို့အတွက် အမှန်တကယ် အလုပ်ဖြစ်မယ့် လက်တွေ့ကျတဲ့ နည်းလမ်းတွေကို ရှာဖွေနေတဲ့သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်း တစ်အုပ်ပဲ ဖြစ်ပါတယ်။