Built to Sell စာအုပ်က ဝန်ဆောင်မှု အသေးစားတွေ ပေးနေတဲ့ ကုမ္ပဏီတွေ ပိုမို တိုးတတ် လာစေဖို့အတွက်နဲ့ အနာဂတ်မှာ ရောင်းချနိုင်တဲ့ စီးပွားရေး လုပ်ငန်းတွေကို ပြင်ဆင် လုပ်ဆောင်တဲ့ နေရာမှာ ကူညီပေးနိုင်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းနယ်ပယ်ကို စိတ်ဝင်စားတဲ့သူတွေ၊ အနာဂတ်မှာ ကိုယ့်ရဲ့ ကုမ္ပဏီကို ပြန်လည် ရောင်းချဖို့အတွက် စဉ်းစားနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။