Bulletproof Problem Solving (2019) စာအုပ်က ဒီနေ့ခေတ်လို အလုပ်ခွင်တွေမှာ အရေးအကြီးဆုံး ဖြစ်ပေမဲ့ လျစ်လျူရှုခြင်းခံထားရတဲ့ အရည်အချင်းတစ်ခုဖြစ်တဲ့ ပြဿနာ ဖြေရှင်းခြင်း problem-solving အရည်အချင်းအကြောင်းကို ထုတ်ဖော်ရေးသားပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ဒီနေ့ခေတ်လို အစဉ်မပြတ် ပြောင်းလဲနေတဲ့ ကမ္ဘာကြီးမှာ ဝန်ထမ်းတိုင်းက ပိုမိုများပြားတဲ့ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့နေရလေ့ ရှိပါတယ်။ ပြဿနာ ဖြေရှင်းနည်းလမ်းတွေကို ကျွမ်းကျင်စွာ အသုံးချနိုင်ဖို့၊ problem-solving နည်းလမ်းတွေမှာ ကျွမ်းကျင်သူ တစ်ယောက်ဖြစ်လာနိုင်ဖို့အတွက် သင့်မှာ များပြားတဲ့ ဘွဲ့တွေ၊ ဒီဂရီတွေ ရှိနေစရာ မလိုပါဘူး။
သင့်ဘက်က တီထွင်ဖန်တီးလိုစိတ် အနည်းငယ်နဲ့ မှန်ကန်တဲ့ နည်းဗျုဟာတွေကို ရွေးချယ်တတ်ဖို့ပဲ လိုတယ်ဆိုတဲ့ အကြောင်းကို ဒီစာအုပ်ထဲမှာ ပြောပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- Creatives သမားတွေ၊ စဉ်းစားရတာကို ကြိုက်နှစ်သက်တဲ့ thinkers တွေ
- Analysts သမားတွေ
- အခုအချိန်မှ အလုပ်ခွင်ထဲကို ပထမဦးဆုံး စတင်ဝင်ရောက်ကြမယ့် ဘွဲ့ရပြီးခါစ လူငယ်တွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။