Clearer, Closer, Better (2020) စာအုပ်က အောင်မြင်နေကြတဲ့ သူတွေရဲ့ ကမ္ဘာကြီးကို ကြည့်ရှုမြင်တဲ့ နည်းလမ်းတွေအတိုင်း ကြည့်ရှုမြင်တတ်ဖို့အတွက် ကျွန်တော်တို့ကို သင်ကြားပေးထားတဲ့ စာအုပ် တစ်အုပ် ဖြစ်ပါတယ်။
အောင်မြင်တဲ့ ပုဂ္ဂိုလ် အသီးသီးဆီက လေ့လာစရာ အချက်တွေကို ထုတ်နုတ်တင်ပြထားတဲ့ ဒီစာအုပ်ထဲမှာ စာရေးသူ Emily Balcetis က စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့အတွက်နဲ့ ပန်းတိုင်တွေကို ရောက်ရှိနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ ယူဆချက် perceptions တွေကို ဘယ်လိုမျိုး ပြန်လည် နေရာချထားသင့်ကြောင်း ပြောပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- ကိုယ့်ရဲ့ စိတ်၊ အမြင်တွေကို ပန်းတိုင်အပေါ်မှာပဲ ထားရှိချင်တဲ့သူတွေ
- ပြဿနာတစ်ခုလုံးရဲ့ အသေးစိတ် အချက်အလက်တွေကိုပဲ လိုက်ကြည့်နေပြီး ပြဿနာ တစ်ခုလုံးကို မမြင်နိုင်တဲ့ သူတွေ
- ကမ္ဘာကြီးကို ကြည့်ရှုဆင်ခြင်ပုံ နည်းလမ်းအသစ်တွေ အကြောင်း စိတ်ဝင်စားတဲ့သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ် တစ်အုပ် ဖြစ်ပါတယ်။