Clients First (2013) က အိမ်ခြံမြေ စီးပွားရေး လောကမှာ ဖောက်သည်တွေနဲ့ ယုံကြည်စိတ်ချရတဲ့၊ ခိုင်မာရတဲ့ ပေါင်းသင်းဆက်ဆံရေးတွေကို တည်ဆောက်နိုင်ဖို့အတွက် ရိုးသားမှု၊ ကျွမ်းကျင် လိမ္မာမှုတွေနဲ့ ကိုယ်ချင်းစာစိတ်တွေ လိုအပ်တယ် ဆိုတဲ့ အကြောင်းကို ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
စာရေးသူတွေက သူတို့ကိုယ်တိုင် တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေနေ အသုံးဝင်နိုင်တဲ့ နည်းလမ်းတွေကို ပြောပြပေးထားပါတယ်။
ဒီနည်းလမ်းတွေက အိမ်ခြံမြေ စီးပွားရေးလုပ်ငန်း လောကမှာ သူတို့ ကိုယ်တိုင် လက်တွေ့ အသုံးချပြီး အောင်မြင်မှုတွေ ရရှိခဲ့တဲ့ နည်းလမ်းတွေလည်း ဖြစ်ပါတယ်။
အိမ်ခြံမြေလောကမှာ အလုပ်လုပ်ကိုင်နေသူတွေ၊ ကိုယ့်ရဲ့ ရောင်းအားတွေကို အမြင့်ဆုံးဖြစ်အောင် မြှင့်တင်ချင်တဲ့ အရောင်းဝန်ထမ်းတွေနဲ့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေမှာ လူထုကို ပိုမိုချည်းကပ်နိုင်တဲ့ နည်းလမ်းတွေကို လိုက်နာကျင့်သုံးချင်တဲ့ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်တွေ ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။