Conscious Leadership (2020) စာအုပ်က ရည်ရွယ်ချက်ရှိစွာနဲ့ စီးပွားရေးလုပ်ငန်းတွေကို ဦးဆောင်နိုင်ဖို့အတွက် လိုအပ်တဲ့ အချက်တွေကို ဖော်ထုတ်တင်ပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
အမေရိကန်ရဲ့ အကြီးမားဆုံးသော စူပါမားကတ် လုပ်ငန်းတွေမှာ CEO တစ်ယောက်အနေနဲ့ သူ နှစ်ပေါင်းများစွာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို အခြေခံပြီး စာရေးသူ John Mackey က စာဖတ်သူတွေကို ခေါင်းဆောင်တွေက သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဆန်းသစ်မှုတွေ ရှိလာဖို့၊ အပြိုင်အဆိုင် လုပ်ဆောင်တတ်ဖို့၊ လူမှုရေးဆိုင်ရာ တာဝန်တွေ ခံတတ်ဖို့ စတဲ့ အရာတွေ ပိုရှိလာဖို့ ဘယ်လို ပုံဖော်လုပ်ဆောင်ရမလဲ ဆိုတာတွေကို ဒီစာအုပ်ထဲမှာ ပြောပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- သူတို့ရဲ့ ရည်ရွယ်ချက်ကို ရှာဖွေနေကြတဲ့ အဖွဲ့အစည်းတွေ
- ခေါင်းဆောင်တွေ၊ အဖွဲ့တွေ၊ လုပ်ငန်းစုတွေကို ခိုင်မာလာအောင် ကူညီလုပ်ဆောင်ပေးနေတဲ့ စီးပွားရေးဆိုင်ရာ လမ်းပြညွှန်ကြားသူ coaches တွေ
- သူတို့ရဲ့ ဝန်ထမ်းအသစ် ခန့်အပ်တဲ့ ကိစ္စရပ်တွေကို ပိုမိုတိုးတတ်စေချင်တဲ့ HR ဌာနက သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။