စာရေးသူ Gary Vaynerchuk က ဆိုရှယ်မီဒီယာပလက်ဖောင်းတွေပေါ်က တိုးတက်လာတဲ့ စီးပွားရေးလုပ်ငန်းတွေ အကြောင်းနဲ့ ဒီလို ဆိုရှယ်မီဒီယာပေါ်ကနေတဆင့် ကိုယ့်ရဲ့ customer တွေနဲ့ ဘယ်လို ရင်းနှီးမှုမျိုးတွေ တည်ဆောက်ရမယ်၊ ကိုယ့်ရဲ့ ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေ အပေါ်မှာ သူတို့ရဲ့ သစ္စာရှိမှုကို ဘယ်လိုထိန်းထားမယ် ဆိုတဲ့ အချက်တွေကို ကောင်းစွာ သိရှိနားလည်ထားသူ တစ်ယောက် ဖြစ်ပါတယ်။
ဒီနေ့ခေတ်မှာ စီးပွားရေးလုပ်ငန်းတွေကို လုပ်ဆောင်တဲ့နေရာမှာ အရေးပါတဲ့ Personal branding နဲ့ ပတ်သက်တဲ့ သိသင့်တာတွေကို ဒီစာအုပ်ထဲမှာ ပြောပြပေးထားပါတယ်။ ကိုယ့်ရဲ့ Personal branding ကို အောင်မြင်အောင် လုပ်ဆောင်နိုင်လေလေ ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်းတွေကလည်း ပိုပြီးတော့ အောင်မြင်လာလေလေ ဖြစ်ပါတယ်။