Daring to Trust (2010) ဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ဖို့နဲ့ ကိုယ့်ပတ်ဝန်းကျင်ကို ယုံကြည်ဖို့အတွက် ရှင်းလင်းပြတ်သားတဲ့ လမ်းကြောင်းတစ်ခုကို လမ်းပြပေးထားပါတယ်။ အတိတ်မှာ ကြုံတွေ့ခဲ့ရတဲ့ စိတ်ထိခိုက်စရာတွေကို ဖြတ်ကျော်နိုင်အောင်နှင့် ဘဝမှာ ကြုံတွေ့ရတတ်တဲ့ အကောင်းအဆိုးတွေကို လက်ခံနိုင်အောင်၊ ပစ္စုပ္ပန်မှာ နေတတ်အောင် ရှာဖွေခြင်းနှင့် ပိုပြီးကောင်းမွန်တဲ့ အနာဂတ်ကိုပိုင်ဆိုင်နိုင်အောင်ဘယ်လိုလုပ်မလဲဆိုတာတွေကို လေ့လာခွင့်ရမှာဖြစ်ပါတယ်။
ဘယ်လိုလူတွေ ဖတ်ရှုဖို့အတွက်လဲ။
ကိုယ့်စိတ်ကိုကိုယ် ထိန်းချုပ်ဖို့အခက်တွေ့နေသူများ
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးအောင် ကြိုးစားနေသူများ
လူတွေရဲ့ အပြုအမူနှင့် စိတ်ဓာတ်တက်ကြွမှု (motivation) အကြောင်းအရာတွေကို စူးစမ်းလေ့လာချင်သူများ
- ကိုယ်ကိုယ်ကိုယ် ယုံကြည်ဖို့အတွက်နှင့် ကိုယ့်ပတ်ဝန်းကျင်ကို ယုံကြည်နိုင်ဖို့အတွက် သင့်စွမ်းရည်တွေကို ပြန်ပြီးရှာဖွေလိုက်ပါ။
သင်ဟာအရာရာကို အရမ်းယုံကြည်တတ်တာပဲလို့ အပြောခံရဖူးလား။ အဲ့ဒီ ယုံကြည်တတ်တဲ့အကျင့်နဲ့ ပတ်သတ်ပြီး လူတွေ သင့်ကို အခွင့်ကောင်းယူမှာကို စိုးရိမ်ဖူးလား။ သို့မဟုတ် ဒါတွေအားလုံးနဲ့ ဆန့်ကျင်ဘက်၊ လူတွေကို မယုံရုံတင်မက ကိုယ့်ကိုယ်ကိုယ်ပါ မယုံတတ်တဲ့ လူတစ်ယောက်လား။
လူတော်တော်များများအတွက်တော့ ယုံကြည်ခြင်းဟာ အရမ်းခက်ခဲတဲ့ ခံစားချက်ဖြစ်ပါတယ်။ ယုံကြည်ချက်မရှိတာဟာ သင့်ဘဝကို ကြောက်စိတ်တွေနဲ့ပဲ ပြည့်နေစေတယ်၊ လူမှုဆက်ဆံရေးကို ညံ့ဖျင်းစေပြီး ကိုယ့်ဖြစ်နိုင်၊လုပ်နိုင်ချေတွေကို နားလည်ဖို့ ခက်ခဲစေပါတယ်။
သင်ဟာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတိုးချင်ပြီး ပိုပြီးယုံကြည်တတ်ဖို့ နည်းလမ်းတွေရှာဖွေနေတယ်ဆိုရင် ဒါဟာ သင်ဖတ်ရမယ့်စာအုပ်ပါပဲ။