Deep Work (2016) စာအုပ်က တိုးတတ်လာတဲ့ နည်းပညာတွေက ကျွန်တော်တို့တွေရဲ့ အလုပ် တာဝန်တွေကို အာရုံစိုက်ပြီး လုပ်ဆောင်နိုင်စွမ်းတွေအပေါ်မှာ ဘယ်လိုမျိုး အကျိုး သက်ရောက်မှု ရှိကြောင်းနဲ့ ဒီလိုမျိုး အတားအဆီးတွေကို ဘယ်လိုမျိုး ကျော်လွှားရမလဲ ဆိုတာကို ရှင်းပြပေးထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
ဒါ့အပြင် သင့်ရဲ့ အလုပ်တွေရဲ့ ရလဒ်တွေကို တိုးတတ်စေအောင် ကူညီပေးနိုင်တဲ့ နည်းဗျုဟာ အမျိုးမျိုးနဲ့ သင့်ကို အားလပ်ချိန်တွေ အမြောက်အမြား ရရှိလာစေနိုင်တဲ့ နည်းလမ်းတွေကိုလည်း ဒီစာအုပ်ထဲမှာ ပြောပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- လုပ်ဆောင်စရာရှိတဲ့ အလုပ်တွေကို သိစိတ်ရှိရှိနဲ့ အာရုံစိုက်ပြီး လုပ်ဆောင်ဖို့ ကြိုးစားနေသူတွေ
- အီးမေးလ်တွေ၊ လူမှုကွန်ရက်တွေနဲ့ နည်းပညာအမျိုးမျိုးအောက်မှာ အချိန်တွေ ကုန်ဆုံးနေရတဲ့သူတွေ
- သူတို့ရဲ့ အလုပ်ပြီးမြောက်မှု နည်းလမ်းတွေကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေကို သင်ယူဖို့ စိတ်ဝင်စားတဲ့ ဝန်ထမ်းတွေ၊ အလုပ်သမားတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်။