Designing Your Life (2016) စာအုပ်က ပျင်းရိငြင်းငွေ့ဖွယ်ရာကောင်းတဲ့ မနက်ကိုးနာရီကနေ ညနေငါးနာရီအထိ အလုပ်ချိန်တွေကနေ ရုန်းထွက်နိုင်ဖို့၊ သင် တကယ် စိတ်ပါဝင်စားတဲ့ အသက် မွေးဝမ်းကြောင်း အလုပ်အကိုင်တွေကို လုပ်ကိုင်နိုင်ဖို့အတွက် သင့်ဘ၀ကို ဘယ်လိုမျိုး နည်းလမ်းတွေနဲ့ ထိန်းချုပ်နိုင်အောင် လုပ်ဆောင်ပြီး ဘယ်လိုမျိုး အစီအစဉ်တစ်ခု ရေးဆွဲရမလဲ ဆိုတာတွေကို လမ်းညွှန်ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားတဲ့ နည်းလမ်းတွေ၊ အကြံဉာဏ်တွေအတိုင်း လိုက်နာလုပ်ဆောင် ကြည့်မယ်ဆိုရင် သင့်အတွက် တကယ် စိတ်ပါဝင်စားတဲ့ အလုပ်၊ သင်နဲ့ အကိုက်ညီဆုံး အလုပ်က ဘာလဲဆိုတာကို သိရှိလာပါလိမ့်မယ်။ သာမန်ရိုးကျ နည်းလမ်းတွေနဲ့ အလုပ်အကိုင်တွေကို ရှာဖွေတဲ့ နေရာမှာ ရှိနေတဲ့ ကန့်သတ်ချက်တွေကို ကျော်လွှားနိုင်ပါလိမ့်မယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
• ရှေ့ဆက်ရမယ့် လမ်းကြောင်းကို ရှာဖွေနေကြတဲ့ ကျောင်းသားကျောင်းသူတွေ၊ ဘွဲ့ရပြီးခါစ လူငယ်တွေ
• ဘ၀မှာ လေနှင်ရာလွင့်နေတဲ့ အသက်ကြီး၊ အသက်ငယ် လူရွယ်ပေါင်းစုံတွေ
• အလုပ်အကိုင်ဆိုင်ရာ အကြံပေး Career counselors တွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။