Designing Your Work Life (2020) စာအုပ်က ဒီဇိုင်းဂုရုများဖြစ်တဲ့ Bill Burnett နဲ့ Dave Evans တို့က စာဖတ်သူတွေကို သူတို့ရဲ့ အလုပ်အကိုင်တွေမှာ ကောင်းမွန်တဲ့ ဒီဇိုင်း စည်းမျဉ်းတွေကို ထည့်သွင်း အသုံးချနိုင်ဖို့အတွက် သင်ကြားပေးထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
အလုပ်အကိုင်တွေကို တစ်ခုပြီး တစ်ခု ပြောင်းလဲနေတာထက် စာရင် ကိုယ့်မှာ ရှိပြီးသား အလုပ်အကိုင်ကိုပဲ ကိုယ့်ရဲ့ အိပ်မက်ထဲက အလုပ်ခွင် ဘ၀အဖြစ် ပြောင်းလဲ ပုံဖော်နိုင်ဖို့အတွက် နည်းလမ်းတွေကို ဒီစာအုပ်ထဲမှာ ပြောပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့ အတွက်လဲ။
• မနက်ကိုးနာရီကနေ ညနေငါးနာရီ အလုပ်ချိန်အတွင်းမှာ ကိုယ့်ရဲ့ အလုပ်တွေကို လုပ်ဆောင်ရတာ စိတ်မပါ လက်မပါ ဖြစ်နေတဲ့သူတွေ
• ရေရှည်တည်တံ့နိုင်တဲ့ စီးပွားရေး လုပ်ငန်းတစ်ခုကို လုပ်ဆောင်ဖို့အတွက် တွေဝေနေတဲ့ အလွတ်တန်း အလုပ်လုပ်ကိုင်သူ freelancers တွေနဲ့
• ကိုယ့်ရဲ့ အလုပ်ခွင်၊ အလုပ်အကိုင်တွေမှာ အိပ်မက်ဆန်ဆန် အပြောင်းအလဲတွေကို ဖော်ဆောင် လုပ်ကိုင်ချင်နေသူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ် တစ်အုပ် ဖြစ်ပါတယ်။