Developing the Leader Within You (1993) စာအုပ်က ကိုယ်က ဘယ်လိုအလုပ်မျိုးကိုပဲ ရွေးချယ်လုပ်ကိုင်သည်ဖြစ်စေ၊ ကျရာနယ်ပယ်မှာ ခေါင်းဆောင်တစ်ယောက် ဖြစ်လာစေဖို့အတွက် ကူညီပေးနိုင်ပါလိမ့်မယ်။ ဒီစာအုပ်မှာ ခေါင်းဆောင်မှု အဆင့်တွေအကြောင်းနဲ့ ဒီလို ခေါင်းဆောင်မှု အဆင့်တွေကို ရောက်ရှိအောင် လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေကို ပြောပြပေးထားပါတယ်။
အဖွဲ့အစည်းတစ်ခုကို တိုးတတ်အောင် လုပ်ဆောင်တဲ့ နေရာမှာ ကိုယ့်ကိုကိုယ် အရင်ဆုံး တိုးတတ် လာအောင် လုပ်ဆောင်ထားမှသာ ကိုယ့်ရဲ့ အဖွဲ့အစည်းကလည်း တိုးတတ်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ်က ခေါင်းဆောင်တစ်ယောက်လို ထက်မြက်နေဖို့၊ ခေါင်းဆောင်တစ်ယောက်လို တွေးခေါ်တတ်ဖို့ အရေးကြီးပါတယ်။