Do the Work (2011) စာအုပ်က သင့်ရဲ့ အကြောက်တရားတွေကို ကျော်လွှားနိုင်ဖို့၊ အချိန်ဆွဲပြီး အလုပ်လုပ်ဆောင်တတ်ခြင်း (procrastinating) ကို ရပ်တန့်နိုင်ဖို့နဲ့ သင် အချိန်အတော်ကြာ အလိုဆန္ဒရှိခဲ့တဲ့ အရာတွေကို အောင်မြင်ပြီးဆုံးအောင် လုပ်ဆောင်နိုင်ဖို့အတွက် လိုအပ်တဲ့အချက် တွေကို ဖော်ထုတ်ရေးသားပေးထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
အတားအဆီး၊ ခုခံမှု (resistance) တွေကို ဘယ်လိုတိုက်ထုတ်ပစ်ရမယ်၊ ကျွန်တော်တို့ရဲ့ ပန်းတိုင်တွေကို မရောက်ရှိအောင် တားဆီးထားတဲ့ အပြုသဘောမဆောင်တဲ့ တွန်းအားတွေကို ဘယ်လိုမျိုး ရပ်တန့်ပစ်ရမယ် စတဲ့ အကြောင်းအရာတွေကိုလည်း ဒီစာအုပ်ထဲမှာ ပြောပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
• လုပ်ဆောင်နေရတဲ့ အလုပ်တွေကို အကောင်းဆုံးလက်ရာ အဖြစ် လုပ်ဆောင်နိုင်အောင် ကြိုးစားအားထုတ် နေကြတဲ့သူတွေ
• သူတို့ရဲ့ အိုင်ဒီယာတွေကို လက်တွေ့ အကောင်အထည် ဖော်ဖို့အတွက် ခက်ခဲနေကြတဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေ
• ကြုံတွေ့နေရတဲ့ အတားအဆီးတွေကို ကျော်လွှားချင်ကြတဲ့ အနုပညာရှင်တွေ၊ အလွတ်တန်း အလုပ် လုပ်ကိုင်နေကြသူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။