Drive စာအုပ်ထဲမှာ စာရေးသူ Daniel Pink က ပြင်ပကနေ လုပ်ဆောင်လိုက်လို့ ဖြစ်ပေါ်လာတဲ့ စိတ်တတ်ကြွမှု (extrinsic motivation) တွေနဲ့ ကိုယ့်ဘာသာ အတွင်းဘက်ကနေ အလိုအလျှောက် ဖြစ်ပေါ်လာတဲ့ စိတ်တတ်ကြွမှု (intrinsic motivation) တွေ အကြောင်းကို ရှင်းလင်း ပြောပြ ပေးထားပါတယ်။
ကုမ္ပဏီအများစုက အလုပ်ခွင်ကို ထိခိုက်နိုင်တဲ့ extrinsic motivation တွေ အပေါ်မှာ မှီခိုနေကြတယ် ဆိုတဲ့ အကြောင်းတွေကို ထုတ်ဖော်တင်ပြထားပါတယ်။
ဒါ့အပြင် ကျွန်တော်တို့တွေက ကိုယ့်ကိုကိုယ်ရော၊ တခြားသူတွေကိုပါ အကောင်းဆုံး ဖြစ်အောင် ဘယ်လိုမျိုး လှုံ့ဆော်နိုင်တယ် ဆိုတာနဲ့ intrinsic motivation အကြောင်းကို နားလည် သဘောပေါက်အောင် ရှင်းပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- လူသားတွေရဲ့ စိတ်လှုံ့ဆော်မှု၊ စိတ်အားတတ်ကြွမှုတွေ အကြောင်း လေ့လာချင်သူတွေ
- သူတို့ကိုယ်တိုင်နဲ့ တခြားသောသူတွေကိုပါ ထိရောက်မှုရှိရှိ စိတ်တတ်ကြွမှု ရှိလာအောင် လုပ်ဆောင်ချင်တဲ့သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။