Eat Sleep Work Repeat (2020) စာအုပ်က ကျွန်တော်တို့တွေ အများစု ကိုယ့်ဘာသာ ပြန်လည် မေးမြန်းနေကြတဲ့ ငါတို့တစ်တွေက လုပ်ငန်းခွင်မှာ ဘာဖြစ်လို့ မပျော်ရွှင်ရတာလဲ၊ ပျော်ရွှင်အောင် ဘာတွေကို လုပ်ဆောင်ရမလဲဆိုတဲ့ မေးခွန်းတွေအကြောင်းကို ပြောပြပေးထားပါတယ်။ လုပ်ငန်းခွင်မှာ မပျော်ရွှင်မှုရဲ့ အောက်ခြေက ပြဿနာတွေနဲ့ ဒီပြဿနာတွေကို ဘယ်လို ဖြေရှင်းရမယ်ဆိုတဲ့ နည်းလမ်းတွေကိုလည်း ဒီစာအုပ်ထဲမှာ ပြောပြပေးထားပါတယ်။
အိပ်တယ် စားတယ် အလုပ်လုပ်လုပ်တယ် ပြီးရင် ဒါတွေပဲ ထပ်ခါထပ်ခါ ထပ်လုပ်တယ် ဆိုတာက ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေကို အတိကျဆုံး ဖော်ပြနိုင်တဲ့ ဖော်ပြချက်တစ်ခု ဖြစ်ပါတယ်။ ချွင်းချက်တွေတော့ ရှိကောင်း ရှိပါလိမ့်မယ်။