Effortless (2021) စာအုပ်က အလုပ်တာဝန်တွေကို လုပ်ဆောင်တဲ့ အခါမှာ ကြုံတွေ့ရတတ်တဲ့ စိတ်ဖိစီးမှုတွေ၊ စိန်ခေါ်မှုတွေကို ဘယ်လိုမျိုး အလွယ်တကူ ကျော်လွှားရမလဲ ဆိုတဲ့ နည်းလမ်းတွေကို ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာ ရှင်းပြပေးထားတဲ့၊ လိုက်နာဖို့ လွယ်ကူတဲ့ နည်းလမ်းတွေနဲ့သာဆိုရင် သင့်ရဲ့ အလုပ်တာဝန်တွေ၊ ပရောဂျက်တွေကို အားစိုက်ထုတ်စရာမလိုတဲ့ Effortless နည်းလမ်းတွေ၊ Effortless solutions တွေနဲ့ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- ပိုမိုကောင်းမွန်တဲ့ နည်းလမ်းတွေနဲ့ ကိုယ့်ရဲ့ အလုပ်တာဝန်တွေကို လုပ်ဆောင်ချင်ကြတဲ့သူတွေ
- သူတို့ရဲ့ အဖွဲ့ကို ပိုပြီး စမတ်ကျကျ အလုပ်လုပ်ကိုင်စေချင်တဲ့ ခေါင်းဆောင်တွေ
- စိတ်ဖိစီးမှုတွေ များပြားနေတဲ့ ကျောင်းသားကျောင်းသူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။