fbpx

Share To:

Facebook
Twitter
LinkedIn
0
Rated 0 out of 5
0 out of 5 stars (based on 0 reviews)
5 star0%
4 star0%
3 star0%
2 star0%
1 star0%

Ego is the Enemy

ကျွန်တော်တို့အားလုံးဟာ Aspire ဆိုတဲ့ ဆန္ဒပြင်းပြနေတဲ့ အခြေအနေ၊ Success ဆိုတဲ့ အောင်မြင်နေတဲ့ အခြေအနေနဲ့ Failure ဆိုတဲ့ ကျရှုံးမှု အခြေအနေ သုံးမျိုးထဲက တစ်မျိုးမျိုးထဲမှာ အမြဲတမ်းရှိနေကြပြီး အခြေအနေတစ်ခုကနေ တစ်ခုကိုအမြဲပြောင်းလဲနေကြရပါတယ်

တစ်ကယ်လို့ကိုယ်က အလုပ်အကိုင်ပိုင်းမှာ အောင်မြင်နေတယ်ဆိုရင် နောက်ထပ်တစ်ဆင့်မှာ ဆက်အောင်မြင်နေရင်အောင်မြင်နေမယ်၊ ဆန္ဒတွေပြင်းပြလို့ ဒီထက်ပိုအောင်မြင်အောင် လုပ်ဆောင်ရင် လုပ်ဆောင်နေမယ် ဒါမှမဟုတ် အခက်အခဲတွေရင်ဆိုင်ရပြီး ကျရှုံးရင် ကျရှုံးသွားနိုင်ပါတယ်

တစ်ကယ်လို့ကိုယ်က Relationship တစ်ခုမှာ ကျရှုံးနေမယ်ဆိုရင် ဆက်ပြီးကျရှုံးရင် ကျရှုံးနေမယ်၊ နောက်ထပ် Relationship အသစ်ကို ဆန္ဒရှိရှိစတင်ဖို့ ကြိုးစားရင်ကြိုးစားမယ်၊ ဒါမှမဟုတ် ရှိပြီးသား Relationship ကို ပိုကောင်းအောင် ဆန္ဒရှိရှိကြိုးစားရင် ကြိုးစားမယ်

ဒါတွေကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့ဟာ အရှေ့ကဖော်ပြခဲ့တဲ့ အခြေအနေ သုံးမျိုးထဲက တစ်ခုပြီးတစ်ခုမှာ ပြောင်းလဲရင်း သံသရာလည်နေကြရပါတယ်

ဒီနေရာမှာ ကိုယ်ကဘယ်အခြေအနေမှာပဲ ရောက်နေပါစေ အတ္တမာနကတော့ ကျွန်တော်တို့အာားလုံးရဲ့ ရန်သူပဲ ဖြစ်ပါတယ်

တစ်ချို့ကတော့ Ego ဆိုတဲ့ အတ္တမာနရှိမှပဲ တစ်ခြားသူတွေထက်ရှေ့ရောက်နေမယ်လို့ ဆိုကြပေမယ့် ရည်မှန်းချက်ကြီးတာနဲ့ အတ္တမာနနဲ့ မတူညီသလို Ego နဲ့ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိတဲ့ Confidence နဲ့ မတူညီပါဘူး

Ego က ကျွန်တော်တို့ရဲ့ အိပ်မက်တွေ၊ Relationship တွေ၊ ဘဝမှာတည်ဆောက်ထားတဲ့အရာတွေကို ဖျက်စီးနိုင်တဲ့အတွက် ရှေ့ကပြောခဲ့တဲ့ ဘယ်အခြေအနေအမျိုးအစားမှာပဲ​ ရှိနေပါစေ Ego ကတော့ ကျွန်တော်တို့ရဲ့ ရန်သူဖြစ်နေဦးမှာပါ

© 2022DreamLab.news. All Rights Reserved.

Ego is the Enemy

© Dreamlab.news. All rights reserved.