“ပါရမီအရ ထူးချွန်မှု” (Genius) ဆိုတဲ့ စကားလုံးကို ဒီခုခေတ်ကြီးမှာ လူတွေ တော်တော် အပြောများလာကြတယ်။ ဒါပေမယ့် အဲ့ဒီ (Genius) “ပါရမီအရ ထူးချွန်မှု” ဆိုတဲ့စကားလုံးဟာ Elon Musk ဆိုတဲ့ သူတစ်ယောက် အတွက်တော့ အံဝင်ခွင်ကျတဲ့ စကားလုံးတစ်လုံး ဖြစ်နေသလိုပါပဲ။ သူ့အမည်ဟာ များစွာသော စီမံကိန်းလုပ်ငန်းတွေ၊ အတွေးအကြံအစီတွေနဲ့ ခေတ်ရှေ့ပြေးတဲ့ အစီအစဉ် တွေနဲ့ ပါတ်သတ်နေသော်လည်း သူ့ကိုလူသိအများစေဆုံးကတော့ SpaceX ဆိုတဲ့ အခြားဂြိုလ်များကို လူတွေခြေဆန့်နိုင်ဖို့ ရည်မှန်းချက်နဲ့ လုပ်ဆောင်နေတဲ့ ကုမ္ပဏီကြောင့်ပဲ ဖြစ်ပါတယ်။ အဲ့ဒီကုမ္ပဏီဟာ သူ့အတွက် ရည်မှန်းထားတဲ့ အနာဂါတ်ကို အကောင်အထည်ဖော်ဖို့ မဆုတ်မနစ်ပဲ ဇွဲရှိရှိလုပ်ဆောင် နေတဲ့ သက်သေအထောက်အထားပါ။
