EntreLeadership (2011) စာအုပ်က စွန့်ဦးတီထွင် စီးပွားရေးသမားတစ်ယောက်နဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်လာဖို့အတွက် လမ်းစဉ်တွေကို ပေါင်းစပ်ကျင့်သုံးရမယ့် နည်းလမ်းကောင်းတွေကို ဖော်ပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ကိုယ်က ကုမ္ပဏီ အသစ်တစ်ခု တည်ထောင်တော့မယ်ဆိုရင် ကိုယ့်မှာ စွန့်ဦးတီထွင်လိုတဲ့ စိတ်ရော၊ ခေါင်းဆောင် တစ်ယောက်ရဲ့ အရည်အချင်းတွေနဲ့ရော နှစ်ခုစလုံး ပြည့်စုံနေမှသာ အောင်မြင်မှု ပန်းတိုင်ဆီကို ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာတော့ စာရေးသူ Dave Ramsey က ကုမ္ပဏီဝန်ထမ်းပေါင်း ၄၀၀ ကျော်နဲ့ သူ နှစ်ပေါင်း ၂၀ ကျော် ကြာအောင် ကုမ္ပဏီတစ်ခုကို စွန့်ဦးတီထွင်ပြီး ဘယ်လို တည်ထောင်ခဲ့ရတယ် ဆိုတာရဲ့ လျှို့ဝှက်ချက်တွေကို ပြောပြပေးထားပါတယ်။