F*ck Feelings (2015) စာအုပ်က သင် တကယ်လုပ်ဆောင်နိုင်တဲ့ အရာတွေကို အခြေခံပြီး လက်တွေ့ ကျတဲ့ လမ်းညွှန်မှုတွေ၊ self-improvement နည်းလမ်းတွေနဲ့ အပြုသဘောဆောင်တဲ့ အတွေးတွေ ဖြစ်ပေါ်လာအောင် ကူညီပေးနိုင်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
တစ်ခါတစ်ရံမှာ ကျွန်တော်တို့တွေက ကိုယ့်ဘက်က မဖြေရှင်းနိုင်တဲ့ ပြဿနာတွေကို အရှိအတိုင်း လက်ခံနိုင်ဖို့ လိုပါတယ်။ ဘ၀ဆိုတာက ကြမ်းတမ်းခက်ခဲပါတယ်။ ကျွန်တော်တို့တွေ အကုန်လုံး မှာလည်း အထူးသီးသန့် အရည်အချင်းတွေ ရှိနေကြတာမျိုး မဟုတ်ပါဘူး။
ဒီအတွက်ကြောင့် ဒီစာအုပ်ထဲမှာ စာရေးသူ Michael နဲ့ Sarah Bennett တို့က ကျွန်တော်တို့ကို ကိုယ်ပြောင်းလဲပစ်နိုင်တဲ့ အရာတွေအပေါ်မှာပဲ အာရုံစိုက် လုပ်ကိုင်နိုင်ဖို့၊ ရှိပြီးသား အရာတွေကို တန်ဖိုးထားတတ်ဖို့ အကြောင်းတွေကို အကြံပေး ပြောပြထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- Self-help နည်းလမ်းတွေကို လိုက်နာကျင့်သုံးဖို့ ကြိုးစားနေပေမယ့် အလုပ်မဖြစ်ကြတဲ့ သူတွေ
- တကယ် လက်တွေ့ကျတဲ့ ချစ်ခြင်းမေတ္တာ၊ ပေါင်းသင်းဆက်ဆံရေးကို လိုအပ်နေတဲ့သူတွေ
- စိတ်ကူးလှုံ့ဆော်မှု လိုချင်ကြတဲ့ ကုထုံးပညာရှင် Therapists တွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။