ကလေးဘ၀မှာ ကျွန်တော်တို့အားလုံးဟာ ကိုယ်ပိုင်ဖြစ်တည်မှုကို လွပ်လပ်စွာ ပိုင်ဆိုင်ခွင့်ရှိခဲ့ကြတယ်။ မိမိစိတ်ကူးအတိုင်း ပုံတွေဆွဲခဲ့ကြတယ်၊ သီချင်းတွေသီဆိုခဲ့ကြတယ်၊ ပျော်ရွှင်စွာကခုန်ခဲ့ကြတယ်။ ကိုယ်ပိုင်စိတ်ကူးယဉ်ကမ္ဘာ၊ သူငယ်ချင်း၊ ဘ၀တွေကို ဖန်တီးခဲ့ကြဖူးတယ်။ အစပိုင်းမှာ ဖန်တီးနိုင်စွမ်းများ အားကောင်းခဲ့သော်လည်း နောက်ပိုင်းမှာ ကျွန်တော်တို့အားလုံး ဒါတွေကိုမေ့လျှော့လာခဲ့ကြပါတယ်။
