FightBack Now: Leveraging Your Assets to Shape the New Normal (2020) စာအုပ်က မသေချာ၊ မရေရာတဲ့ အရာတွေနဲ့ တွေ့ကြုံရတဲ့ အချိန်တွေမှာ ကော်ပိုရေးရှင်းကြီးတွေ အနေနဲ့ ဘယ်လိုမျိုး ဆက်လက်လုပ်ကိုင်ဆောင်ရွက်ရမလဲ ဆိုတဲ့ အကြောင်းတွေကို ရှင်းပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ရောဂါကပ်ဆိုးကြီးအပြီး တစ်ကမ္ဘာလုံးမှာ ရိုက်ခတ်ခဲ့တဲ့ အကြပ်အတည်းတွေကို ဘယ်လိုမျိုး တုန့်ပြန်ဖြေရှင်းရမလဲ အစရှိတဲ့ ပြဿနာတွေကို အခြေခံပြီး လက်ရှိမှာ ရှိနေတဲ့ နည်းပညာတွေ၊ စီးပွားရေးပိုင်းအရ ချည်းကပ်မှုနည်းလမ်းတွေနဲ့ သုံးသပ်ချက်တွေကို ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့ အတွက်လဲ။
အနာဂတ်မှာ ဆက်လက်လုပ်ဆောင်ရမယ့် နည်းလမ်းတွေအကြောင်း သိချင်နေကြတဲ့ ကော်ပိုရိတ်ခေါင်းဆောင်တွေ
စွန့်ဦးတီထွင်သမားတွေ၊ start-up လုပ်ငန်း စတင်တည်ထောင်ထားသူတွေ
new normal အခြေအနေမှာ ကျွန်တော်တို့ဘက်က ဘာတွေကို ဆက်လက်လုပ်ဆောင်ရမလဲ ဆိုတာကို အဖြေရှာနေကြတဲ့ သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။