Flourish (2012) စာအုပ်က အကောင်းမြင်စိတ်၊ စိတ်တတ်ကြွမှု ရှိခြင်းနဲ့ ပင်ကိုယ်စရိုက်တွေက ကျွန်တော်တို့ရဲ့ ဘ၀တွေကို ပိုကောင်းလာစေဖို့အတွက် ဘယ်လိုမျိုး အကူအညီပေးနိုင်ကြောင်း ပြောပြ ပေးထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
ကျယ်ပြန့်တဲ့ သုတေသန ပြုလုပ်ထားမှုတွေကို အခြေခံပြီး လက်တွေ့ကျင့်သုံးနိုင်တဲ့ နည်းလမ်းတွေနဲ့ ပြောပြပေးထားတဲ့ ဒီစာအုပ်ထဲမှာ ကောင်းမွန်တဲ့ ဘ၀တစ်ခုမှာ နေထိုင်နိုင်ဖို့အတွက် သီအိုရီ အသစ် တစ်ခုကို မိတ်ဆက်ပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
• ဆန်းသစ်တဲ့ လေ့လာချည်းကပ်မှုတွေကို စိတ်ဝင်စားကြတဲ့ ဆေးဖက်ဆိုင်ရာ စိတ်ပညာရှင်တွေ၊ စိတ်ကုထုံး ပညာရှင်တွေ
• ကျောင်းသား၊ ကျောင်းသူတွေရဲ့ ကျန်းမာပျော်ရွှင်မှုတွေ အကြောင်း လုပ်ဆောင်နေတဲ့ မိဘတွေ၊ ဆရာ၊ ဆရာမတွေ
• သူတို့တွေရဲ့ ကိုယ်ပိုင်ဘ၀တွေကို ပိုမိုတောက်ပလာစေချင်တဲ့ သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။