Focus (2013) စာအုပ်က ဒီနေ့ခေတ်မှာ အရှားပါးဆုံး အရင်းအမြစ်တစ်ခုဖြစ်တဲ့ အာရုံစူးစိုက်မှု (attention) တွေ ရှိလာအောင် လုပ်ဆောင်နိုင်ဖို့အတွက် လမ်းညွှန်ပြောပြပေးထားတဲ့ စာအုပ် တစ်အုပ် ဖြစ်ပါတယ်။
နောက်ဆုံးပေါ် လေ့လာချက်တွေ၊ သုတေသနတွေနဲ့ ပြည့်စုံစွာ ရေးသားဖော်ပြထားတဲ့ ဒီစာအုပ်ထဲမှာ ကျွန်တော်တို့ရဲ့ အာရုံစိုက်မှုတွေကို ပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်နိုင်မယ်ဆိုရင် ကမ္ဘာကြီးထဲက အဆုံးမရှိတဲ့ အနှောင့်အယှက်တွေကို ရင်ဆိုင်နိုင်မှာ ဖြစ်တဲ့အကြောင်းနဲ့ အလုပ်ခွင်နဲ့ ပုဂ္ဂလ ဘ၀တွေမှာပါ ပြည့်၀စွာ ရှင်သန်နေထိုင်နိုင်မှာ ဖြစ်တဲ့ အကြောင်း ပြောပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့ အတွက်လဲ။
- သူတို့ရဲ့ အာရုံစိုက်မှုတွေနဲ့ အလုပ်လုပ်ဆောင်မှုတွေကို ပိုမိုတိုးတတ်လာစေချင်တဲ့ အလုပ်သမား ဝန်ထမ်းတွေ၊ ကျောင်းသားတွေ
- အာရုံစူးစိုက်မှုတွေနဲ့ စိတ်ငြိမ်းချမ်းမှုရှိစွာ နေထိုင်နိုင်ခြင်းရဲ့ လျှို့ဝှက်ချက်ကို သိချင်နေကြတဲ့သူတွေ
- သူတို့ရဲ့ vision တွေကို ထိရောက်စွာ အသုံးချပြီး ဝန်ထမ်းတွေနဲ့ ပေါင်းသင်းဆက်ဆံရေးတွေကို ပိုမိုကောင်းမွန်စေချင်ကြတဲ့ ခေါင်းဆောင်တွေ
ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။