Get Good With Money (2021) စာအုပ်က သင့်ရဲ့ ငွေကြေး၊ ပိုက်ဆံတွေနဲ့ ပျော်ရွှင်စရာကောင်းတဲ့၊ ကောင်းမွန်တဲ့ ရင်းနှီးချိတ်ဆက်မှုတွေ ပြုလုပ်နိုင်ဖို့အတွက် နည်းလမ်းတွေကို ရှင်းလင်း လမ်းညွှန်ပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ပြည့်စုံကောင်းမွန်တဲ့ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုတွေ၊ စုဆောင်းတတ်တဲ့ အလေ့ကျင့်တွေ ဖြစ်ပေါ်လာစေဖို့အတွက်နဲ့ လုံခြုံစိတ်ချရမှုရှိတဲ့ ဘဏ္ဍာငွေကြေးဆိုင်ရာ အစီအမံတွေကို ကောင်းမွန်စွာ ချမှတ်နိုင်ဖို့အတွက် နည်းလမ်းကောင်းတွေကို ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- သူတို့ရဲ့ ဘဏ္ဍာငွေကြေးဆိုင်ရာ ကိစ္စရပ်တွေကို တာဝန်ယူ ဖြေရှင်းချင်ကြတဲ့ အမျိုးသမီးတွေ
- ချမ်းသာကြွယ်၀မှုတွေကို မြှင့်တင်နိုင်ဖို့အတွက် နည်းလမ်းကောင်းတွေကို ရှာဖွေနေကြတဲ့ သူတွေ
- ငွေကြေးတွေကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ဖို့အတွက် ဘက်ဂျက်တွေကို ဘယ်လိုခွဲဝေ ချထားရမလဲ၊ ကြွေးမှီကင်းစင်အောင် ဘယ်လိုပြုလုပ်ရမလဲ စတဲ့ နည်းလမ်းတွေကို သိရှိနေချင်ကြတဲ့သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။