Get Smart! (2016) စာအုပ်က သင့်ရဲ့ မသုံးစွဲရသေးတဲ့ ဦးနှောက်ရဲ့ စွမ်းအားတွေကို သုံးစွဲနိုင်ဖို့ အတွက်နဲ့ ပိုမိုပျော်ရွှင်စွာ၊ ပိုမိုအောင်မြင်စွာ နေထိုင်နိုင်ဖို့အတွက် နည်းလမ်းကောင်းတွေကို ပြောပြ ပေးထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
ရေရှည်အတွက် အပြုသဘောဆောင်တဲ့ အတွေးအမြင်တွေကို အခြေခံပြီး သင့်ရဲ့ ရှုမြင်သုံးသပ်ပုံ တွေကို ပြောင်းလဲပစ်ခြင်း နည်းလမ်းအားဖြင့် သင့်ရဲ့ ဘ၀မှာ ရလဒ်ကောင်းတွေကို ရရှိလာနိုင်ကြောင်း၊ စိန်ခေါ်မှုမှန်သမျှကို အခွင့်အလမ်းအဖြစ် ပြောင်းလဲပစ်နိုင်ကြောင်း ဒီစာအုပ်ထဲမှာ ပြောပြပေးထား ပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- အခွင့်အလမ်းတွေ အကြောင်း ကိုယ်တိုင် ဆည်းပူးသင်ကြားချင်ကြတဲ့ သူတွေ
- သူတို့ရဲ့ ဘ၀ကို ပိုမိုပျော်ရွှင်စေချင်ကြတဲ့ မပျော်မရွှင် ဖြစ်နေတဲ့သူတွေ
- အလုပ်တွေကို ပိုပြီး များများ ပြီးမြောက်အောင် လုပ်ဆောင်ချင်တဲ့ တီထွင်ဆန်းသစ်လိုစိတ် ရှိတဲ့၊ ရည်ရွယ်ချက် ကြီးမားတဲ့ သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။