Goals (2019) စာအုပ်က ရည်မှန်းချက်ပန်းတိုင်တွေ ချမှတ်ခြင်းနဲ့ ဒီပန်းတိုင်တွေကို အောင်မြင်အောင် လုပ်ဆောင်နိုင်ဖို့အတွက် နည်းလမ်းတွေကို နားလည်လွယ်အောင် ရှင်းလင်းပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ရည်မှန်းချက်ပန်းတိုင်တွေကို ဘယ်လို ချမှတ်ရမယ်၊ ဒီပန်းတိုင်တွေကို သင်ကိုယ်တိုင် တာဝန်ခံမှုရှိရှိနဲ့ ဘယ်လို လုပ်ဆောင်ရမယ် ဆိုတာတွေအပြင် သင့်ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်စေဖို့ အတွက် သင့်ရဲ့ အရည်အချင်းတွေကို တိုးတက်လာအောင် ဘယ်လိုပုံသွင်းပုံဖော် လုပ်ဆောင်ရမလဲ စတဲ့ နည်းလမ်းတွေကို ဒီစာအုပ်ထဲမှာ ပြောပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- ရည်မှန်းချက် ကြီးကြီးမားမား ထားရှိကြတဲ့သူတွေ
- ဘ၀မှတ်တိုင် အချိုးအကွေ့တစ်ခုလို အပြောင်းအလဲ ကြီးကြီးမားမား တစ်ခုဖြစ်လာအောင် လုပ်ဆောင်ချင်သူတွေ
- သူတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို အကောင်အထည် မဖော်နိုင်လောက်အောင် အလုပ်ရှုပ်နေကြတဲ့သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။