Good Habits, Bad Habits (2019) စာအုပ်က လူသားတွေရဲ့ အလေ့အကျင့်တွေ အကြောင်းကို သုတေသနပြု ရေးသားဖော်ပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ကျွန်မတို့ရဲ့ နေ့စဉ်ဘ၀ထဲမှာ အလေ့အကျင့်တွေက ဘယ်လောက်အရေးပါလဲ၊ ကျွန်မတို့ရဲ့ အလုပ်လုပ်ဆောင်မှုတွေကို အလေ့အကျင့်တွေက ဘယ်လောက်ထိန်းချုပ်ထားလဲ ဆိုတာတွေနဲ့ ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်တွေက အလေ့အကျင့်တွေကို ဘယ်လိုမျိုး ပုံဖော်ပေးနိုင်ကြောင်း စတာတွေကို ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ဒါ့အပြင် ဒီလို အလေ့အကျင့်တွေကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကိုလည်း ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- ရည်ရွယ်ချက် ကြီးမားစွာ အစီအစဉ်တွေ ချမှတ်တတ်ပေမဲ့ လိုက်နာလုပ်ဆောင်ဖို့အတွက် ခက်ခဲနေတတ်ကြသူတွေ
- ကိုယ့်ရဲ့ ဆိုးဝါးတဲ့ အလေ့အကျင့်တွေကို ပျောက်အောင် လုပ်ဆောင်ချင်သူတွေ
- အလေ့အကျင့်တွေအကြောင်း နားလည်သိရှိချင်သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။