“Money is the Root of All Evil” ဆိုတဲ့အတိုင်း ပိုက်ဆံက မကောင်းမှုဒုစရိုက်တွေရဲ့ အရင်းခံရာလား?
တစ်ကယ်လို့ ကိုယ်ကပေးစရာ စရိတ်တွေ အဆက်မပြတ် ရောက်လာနေမယ်။ ကလေးတွေက ကြီးလာပြီ အရင်အဝတ်တွေက သူတို့နဲ့ မတော်တော့သလို ကောလိပ်တက်ရတော့မယ်။ ကိုယ့်ပင်စင်စရိတ်ကလည်း နည်းနည်းလေးနဲ့ ဘဝကို ဆက်ပြီးဖြတ်သန်းရဦးမယ်။ ဒီအတွက် ပိုက်ဆံလုံလုံလောက်လောက် မရှိဘူး။ ဒါတွေကို ရင်ဆိုင်နေရမယ်ဆိုရင်တော့ ပိုက်ဆံဆိုတာ မကောင်းဆိုးဝါးနဲ့ တူပါတယ်။
ဒါပေမယ့် ပိုက်ဆံနဲ့ ကိုယ်လုပ်နိုင်မယ့် အရာတွေကို စဉ်းစားကြည့်ရအောင်
ကလေးတွေကို ကောလိပ် ကောင်းကောင်းထားနိုင်မယ်။ အိမ်ပြင်နိုင်မယ်။ တစ်ချို့မိသားစုအတွက် ပိုက်ဆံနည်းနည်းလေးက သူတို့ဘဝကို ပြောင်းပြန်လှန်ပေးလိုက်နိုင်တယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ရွာလေးတွေမှာ တော်တော်လေးကောင်းတဲ့ ပညာရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ထောက်ပံ့ပေးနိုင်မယ်။ အိမ်ခြေရာမဲ့တွေကို ထောက်ပံ့ပေးနိုင်မယ်။
ဒါတွေကို ကြည့်မယ်ဆိုရင် ပိုက်ဆံကိုသာ မှန်မှန်ကန်ကန်အသုံးပြုရင် ပိုက်ဆံက မကောင်းဆိုးဝါးမဟုတ်ပဲ အရမ်းကို ကောင်းမွန်တဲ့ အရာတစ်ခုပါ။
ဒါကြောင့် ကျွန်တော်တို့ ပိုက်ဆံများများ ရှာရပါမယ်။ ဒီစာအုပ်ထဲမှာ Derrick Kinney ရဲ့ Good Money Framework ကို ဖော်ပြထားပြီး ဒီ Framework က တော့ ပိုကောင်းတာတွေ လုပ်နိုင်ဖို့အတွက် ပိုက်ဆံပိုရှာနိုင်မယ့် စာရေးဆရာရဲ့ အတွေးအမြင်တွေ ဖြစ်ပါတယ်။