Good People, Bad Managers (2017) စာအုပ်က ကျွန်တော်တို့တွေ သတိမထားမိကြတဲ့ ခေတ်သစ် အမေရိကန် အလုပ်ခွင်က ဆိုးဝါးလှတဲ့ စီမံခန့်ခွဲမှု စနစ်တွေအကြောင်းကို ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
လက်ရှိမှာ ရှိနေတဲ့ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တဲ့ စီမံခန့်ခွဲမှုတွေက ဝန်ထမ်းတွေရဲ့ ကောင်းမွန်စွာ အလုပ်လုပ်ကိုင်နေမှုတွေ၊ အလုပ်ပြီးမြောက်မှုတွေ၊ စိတ်တတ်ကြွစွာနဲ့ အလုပ်လုပ်ကိုင်နေမှုတွေကို ထိခိုက်စေနိုင်ပါတယ်။
စာရေးသူ Culbert က အလုပ်ခွင်မှာ တော်တဲ့ လူများစွာက ဆိုးဝါးလှတဲ့ စီမံခန့်ခွဲမှု စက်ဝန်းတွေထဲမှာ ဘာအတွက်ကြောင့် ပိတ်မိနေရတာလဲဆိုတာနဲ့ ကျွန်တော်တို့ရဲ့ အလုပ်ခွင်မှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ် လာစေဖို့အတွက် လုပ်ဆောင်ရမယ့် နည်းလမ်းတွေကို ပြောပြပေးထားပါတယ်။