Great People Decisions (2007) စာအုပ်က အဖွဲ့အစည်းအတွင်းမှာ လူပုဂ္ဂိုလ်ဆိုင်ရာ ပြောင်းလဲမှုတွေ များစွာ ပြုလုပ်နိုင်မယ့် နည်းလမ်းကောင်းတွေကို ရှင်းပြပြောဆိုပေးထားတဲ့ စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။
လက်တွေ့ကျတဲ့၊ ချက်ချင်း action ယူ လုပ်ဆောင်လို့ ရတဲ့ အကြံဉာဏ်တွေကို ဖော်ပြပေးထားတဲ့ ဒီစာအုပ်က ကိုယ့်ရဲ့ စီးပွားရေး လုပ်ငန်းတွေအတွက် မှန်ကန်တဲ့ အလုပ်နေရာတွေမှာ မှန်ကန် သင့်တော်တဲ့ သူတွေကို ရှာဖွေနိုင်ဖို့၊ အလုပ်ခန့်အပ်နိုင်ဖို့အတွက် ကူညီပေးနိုင်ပါလိမ့်မယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- ကိုယ့်ရဲ့ အလုပ်ခွင်မှာ မှားယွင်းတဲ့သူတွေကို ရွေးချယ်ခန့်အပ်ဖူးတဲ့သူတွေ
- ခိုင်မာတဲ့၊ ထိရောက်တဲ့ အဖွဲ့အစည်း၊ အသင်းတစ်ခုကို ပုံဖော်တည်ဆောက်ချင်တဲ့သူတွေ
- စွန့်ဦးတီထွင်သမားတွေ၊ မန်နေဂျာတွေ၊ စီအီးအိုတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။