သင်က စွန့်ဦးတီထွင် လုပ်ငန်းရှင် တစ်ဦးပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ကုမ္ပဏီဝန်ထမ်းတစ်ယောက်ယောက်ပဲ ဖြစ်ဖြစ် ယခုစာအုပ် Great Work ထဲမှာဖော်ပြပေးထားတဲ့ အဓိကနည်းလမ်း အရည်အချင်းငါးခုနဲ့သာ ပြည့်စုံနေမယ်ဆိုရင် တခြားသူတွေနဲ့ ကွဲပြားခြားနားတဲ့ အလုပ်တွေကို အောင်မြင်အောင် လုပ်ဆောင် နိုင်ပါလိမ့်မယ်။
သင့်ရဲ့ တမူထူးခြားနေတဲ့ အိုင်ဒီယာတွေကို ဘယ်လိုမျိုး ဖော်ထုတ်ရမလဲ၊ ဒီအိုင်ဒီယာတွေကို ဘယ်လိုမျိုး ပိုမိုကောင်းမွန်စွာ အကောင်အထည်ဖော်ရမလဲ စတဲ့နည်းလမ်းတွေကို ဒီစာအုပ်ထဲမှာ ပြောပြပေးထားပါတယ်။ ဒီနည်းလမ်းတွေအတိုင်း လိုက်နာ လုပ်ဆောင်မယ်ဆိုရင် တခြားသူတွေရဲ့ လူမှုဘ၀တွေအပေါ်မှာ အပြုသဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ၊ အပြောင်းအလဲတွေကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
• သာမန်ထက် နည်းနည်းပိုကောင်းရုံလောက် အလုပ်တွေကို မလုပ်ဆောင်ချင်တော့တဲ့သူတွေ
• ကမ္ဘာကြီးမှာ အပြောင်းအလဲတွေကို ဖန်တီးချင်တဲ့သူတွေ
• တကယ် လက်တွေ့ အသုံးချနိုင်တဲ့ အိုင်ဒီယာတွေကို ဖန်တီးချင်သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။