Happier (2008) စာအုပ်က အဓိပ္ပာယ် ပြည့်၀တဲ့ ဘ၀မှာ ရှင်သန်နေထိုင်နိုင်ဖို့နဲ့ ပိုမို စိတ်ကျေနပ်စရာ ကောင်းတဲ့ ရှင်သန်မှုမျိုး ဖြစ်လာဖို့အတွက် လမ်းပြ ညွှန်ကြားပေးထားတဲ့ စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာ ကိုယ့်အတွက် အဓိက အကျဆုံး၊ အရေးအကြီးဆုံး အရာတွေက ဘာတွေလဲ ဆိုတာကို ရှာဖွေနိုင်ဖို့နဲ့ ဒီအရာတွေကို ကိုယ့်ဘ၀ရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတွေ ဖြစ်လာအောင် ဘယ်လို လုပ်ဆောင်ရမယ် ဆိုတဲ့ အချက်တွေကိုလည်း ပြောပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ
- ကိုယ့်ရဲ့ အလုပ်အကိုင် လမ်းကြောင်းကို စတင်ရွေးချယ်ဖို့အတွက် ပြင်ဆင်နေကြတဲ့ ကျောင်းသားကျောင်းသူတွေ
- ကျောင်းသားကျောင်းသူတွေကို ပျော်ရွှင်မှု၊ အဓိပ္ပာယ် ပြည့်၀မှု စတဲ့ အရာတွေ အပေါ်မှာ အာရုံစိုက်ဖို့အတွက် တွန်းအားပေးချင်တဲ့ ပညာပို့ချ သင်ကြားပေးနေသူတွေ၊ မိဘတွေ
- ကိုယ့်ရဲ့ ဘ၀မှာ ပိတ်လှောင်နေသလို ခံစားနေရပြီး စစ်မှန်တဲ့ အပြောင်းအလဲတွေကို ရှာဖွေချင်တဲ့သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။