Happy Money (2013) စာအုပ်က ကိုယ့်ရဲ့ ပိုက်ဆံတွေနဲ့ ပျော်ရွှင်မှုတွေ ရရှိအောင် ဘယ်လိုမျိုး လုပ်ဆောင်သင့်တယ်၊ ဘယ်လိုမျိုး လုပ်ဆောင်နိုင်တယ် စတဲ့ နည်းလမ်းတွေကို ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားတဲ့ အဓိက ကျတဲ့ နည်းလမ်းတွေကို မိမိတို့ရဲ့ နေ့စဉ်ဘ၀ထဲမှာ လိုက်နာကျင့်သုံးနိုင်ဖို့ပဲ လိုပါတယ်။
ကိုယ့်ရဲ့ ပိုက်ဆံတွေကို ကိုယ့်အတွက် ပျော်ရွှင်မှုတွေ ပိုရလာအောင် သုံးစွဲချင်တဲ့သူတွေ၊ အလှူအတန်း တစ်ခုခု ပြုလုပ်လိုက်တဲ့ အခါ ဘာဖြစ်လို့ ပျော်ရွှင်မှုတွေကို ခံစားရတာလဲ ဆိုတာကို သိချင်နေတဲ့ သူတွေ ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ်လည်း ဖြစ်ပါတယ်။