High Performance Habits (2017) စာအုပ်က သာမန်လူတစ်ယောက်ကို ထူးကဲတဲ့ စွမ်းဆောင်ရည်တွေ ရှိသူတစ်ယောက် ဖြစ်လာစေဖို့အတွက်၊ စွမ်းဆောင်ရည် မြင့်မားသူ တစ်ယောက် ဖြစ်လာစေဖို့အတွက် အဓိကကျတဲ့ အလေ့အကျင့်တွေ အကြောင်း ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ စာရေးသူ Brendon Burchard က ကမ္ဘာပေါ်မှာ အထူးချွန်ဆုံး လူပုဂ္ဂိုလ်တွေရဲ့ အလေ့အကျင့်တွေကို လေ့လာထားတဲ့ သုတေသနတွေ၊ ဒေတာ အချက်အလက်၊ ကိန်းဂဏန်းတွေနဲ့ သင့်မှာလည်း ဒီလို အလေ့အကျင့်တွေ ရရှိလာအောင် ဘယ်လိုမျိုး လုပ်ဆောင်ရမယ် ဆိုတာကို ပြောပြပေးထားပါတယ်။ ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။ • အလုပ်ခွင်ထဲမှာ သူတို့ရဲ့ စွမ်းဆောင်ရည်တွေ ပိုမိုတိုးတတ်လာစေချင်ကြတဲ့ ဝန်ထမ်းတွေ • ထူးချွန်သူတွေရဲ့ အလေ့အကျင့်တွေကို စိတ်ဝင်စားကြတဲ့သူတွေ • ပိုမိုပျော်ရွှင်စွာ၊ ပိုမို ကျန်းမာစွာ နေထိုင်ချင်ကြတဲ့သူတွေ ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
