Hooked (2014) စာအုပ်က သက်သေသာဓက ဖြစ်ရပ်တွေနဲ့ သိပ္ပံပညာလေ့လာချက်တွေကို အခြေခံပြီး ကျွန်တော်တို့တွေက ကျွန်တော်တို့ရဲ့ နေ့စဉ်ဘ၀တွေမှာ ထုတ်ကုန်အချို့ကို ဘယ်လိုမျိုး စွဲလမ်းနေတယ်ဆိုတဲ့ အကြောင်းနဲ့ ဘာကြောင့် စွဲလမ်းနေတယ်ဆိုတဲ့ အကြောင်းတွေကို ပြောပြပေးထားပါတယ်။ ဒီလို ထုတ်ကုန်တွေက သုံးစွဲသူဖောက်သည်တွေ အပေါ်မှာ အခြေခံတဲ့ ကုမ္ပဏီတွေအတွက် ဘာလို့ ရှားပါးထုတ်ကုန်တွေ ဖြစ်ရတယ်ဆိုတာကိုလည်း ပြောပြပေးထားပါတယ်။
ဒါ့အပြင် ကုမ္ပဏီတွေက သူတို့ရဲ့ ထုတ်ကုန်တွေကို အလေ့အကျင့်အလျှောက် သုံးစွဲကြတဲ့ ထုတ်ကုန်တွေ ဖြစ်လာအောင် ဘယ်လိုလုပ်ဆောင်ရမယ် ဆိုတဲ့ ခိုင်မာတဲ့ အကြံဉာဏ်တွေကိုလည်း ပြောပြပေးထားပါတယ်။
ကိုယ်နေ့စဉ် အသုံးပြုနေတဲ့ ထုတ်ကုန်တွေ အကြောင်းကို စဉ်းစားကြည့်ပါ။ ကိုယ့်ရဲ့ စမတ်ဖုန်း၊ ကိုယ့်ရဲ့ မရှိမဖြစ် စစ်ဆေးနေရတဲ့ apps တွေနဲ့ ကိုယ်အကြိုက်ဆုံး website တွေ အကြောင်းကို ပြန်စဉ်းစား ကြည့်ပါ။ ဘာလို့ ဒီလိုထုတ်ကုန်တွေက ကိုယ့်ရဲ့ နေ့စဉ်ဘ၀ထဲမှာ သူတို့ကို မသုံးမဖြစ် သုံးရအောင် အောင်မြင်နေရကြတာလဲ။