How I Built This (2020) စာအုပ်က စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင်များအတွက်
အောင်မြင်မှုဆီကို သွားရောက်နိုင်တဲ့ ခရီးလမ်းကြောင်းတွေ အကြောင်းကို ဖော်ပြပေးထားတဲ့
စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
iTunes မှာ ယနေ့အချိန်ထိ အကြိမ်ပေါင်း သန်း (၂၀၀) ကျော်အောင် download ပြုလုပ်
နားထောင်ခဲ့ကြတဲ့၊ အောင်မြင်တဲ့ စီးပွားရေးဆိုင်ရာ ဟောပြောချက် podcast တွေကို
အခြေခံထားတဲ့ ဒီစာအုပ်ထဲမှာ စွန့်ဦး တီထွင် စီးပွားရေးလုပ်ငန်းရှင်များအတွက်
အကြီးကျယ်ဆုံး အောင်မြင်မှုတွေကို ရရှိနိုင်မယ့် နည်းလမ်းတွေအကြောင်းကို
ဖော်ပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- ကိုယ်ပိုင် အိုင်ဒီယာ ကြီးကြီးမားမားရှိနေတဲ့ Start-up လုပ်ငန်းရှင်တွေ
- လက်ရှိအလုပ်ကနေ ထွက်ဖို့အတွက် ကြောက်ရွံ့နေသူတွေနဲ့
- စွန့်ဦးတီထွင် စီးပွားရေးနယ်ပယ်အကြောင်း စိတ်ဝင်စားတဲ့သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။