How Innovation Works (2020) စာအုပ်က သမိုင်းတစ်လျှောက်မှာ တီထွင်ဆန်းသစ်မှုတွေ ဖြစ်ပေါ်ခဲ့ရတဲ့ အကြောင်းရင်းတွေကို တင်ပြ ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
လူသားတွေရဲ့ တီထွင်ဖန်တီးမှုဉာဏ်တွေနဲ့ တီထွင်ဆန်းသစ်မှုတွေက ဘာအကြောင်းကြောင့် ဖြစ်ပေါ်လာရတယ်၊ ဘာအတွက်ကြောင့် ဒီလို တီထွင်ဆန်းသစ်မှုတွေက အရေးကြီးတယ် ဆိုတဲ့ အကြောင်းတွေကို ဒီစာအုပ်ထဲမှာ ပြောပြပေးထားပါတယ်။
ရေဒီယိုတွေ၊ ဂျက်အင်ဂျင်တွေ၊ ဆေးဝါးတွေ၊ နောက်ဆုံး လက်ဆွဲလို့ရတဲ့ ဘီးလှိမ့် ခရီးဆောင် အိတ်မျိုးတွေ စတဲ့ ထုတ်ကုန်တွေ အကုန်လုံးက ကျွန်တော်တို့ရဲ့ ဘ၀တွေကို အဆင်ပြေစေဖို့၊ သက်တောင့်သက်သာ ဖြစ်နေစေဖို့အတွက် ကူညီပေးနေတဲ့ အရာတွေ ဖြစ်ပါတယ်။ ဒီလို အရာတွေက ဘယ်လိုမျိုး ဖြစ်လာကြတာလဲ။
တီထွင်ဆန်းသစ်မှု innovation တွေကနေပဲ တဆင့် ဖြစ်လာကြတာ ဖြစ်ပါတယ်။ ဒီတော့ တီထွင်ဆန်းသစ်မှု ဆိုတာတွေ ဖြစ်လာအောင် ဘယ်လို အရာတွေက လုပ်ဆောင်ပေးလိုက်တာလဲ။
ရှင်းရှင်းပြောရရင်တော့ လူအများစု ဒီအချက်ကို မသိကြပါဘူး။ တီထွင်ဆန်းသစ်မှုတွေက လူသားတွေရဲ့ နည်းပညာတွေ၊ ယဉ်ကျေးမှုတွေ ပိုမိုတိုးတတ်လာအောင် လုပ်ဆောင်ပေးနေတဲ့ အရာတစ်ခု ဖြစ်ပေမယ့် သူ့ရဲ့ ဖြစ်စဉ်တွေကို ရေရေရာရာ နားမလည်ကြသေးပါဘူး။
ဒါပေမယ့် လူသားတွေရဲ့ သမိုင်းကြောင်း တစ်လျှောက်ကို ပြန်လေ့လာကြည့်မယ်ဆိုရင် ဒီလိုမျိုး တီထွင်ဖန်တီးမှု၊ တီထွင်ဆန်းသစ်မှုတွေ ဖြစ်လာအောင် လုပ်ဆောင်ပေးလိုက်တဲ့ အခြေအနေတွေကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- ဒီနေ့ခေတ် နည်းပညာတွေရဲ့ အရင်းအမြစ် သမိုင်း အကြောင်းရင်းကို သိချင်ကြတဲ့သူတွေ
- နောင်လာမယ့် အနာဂတ်မှာ ကြီးကြီးမားမား တီထွင်ဆန်းသစ်မှုတွေကို ပြုလုပ်ချင်တဲ့သူတွေ
- ကမ္ဘာကြီးက ဘာအကြောင်းကြောင့်၊ ဘယ်လိုမျိုး ပြောင်းလဲသွားတယ် ဆိုတာကို စိတ်ဝင်စားကြတဲ့သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။