How Luck Happens (2018) က ကျွန်တော်တို့ လုံး၀ မထိန်းချုပ်နိုင်တော့တဲ့ အခြေအနေမျိုးမှာ ကံကောင်းတယ်၊ ကံဆိုးတယ် ဆိုပြီး ပြောတတ်ကြတဲ့ အချက်တွေကို သေချာစွာ သိရှိအောင် ရှင်းလင်း ပြောဆိုပေးထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
ကံကောင်းမှုတွေ ဖြစ်လာစေဖို့အတွက် ကျွန်တော်တို့ ကိုယ်တိုင် လုပ်ဆောင်နိုင်တယ်ဆိုတဲ့ အချက် တွေကို ဒီစာအုပ်ထဲမှာ ထုတ်ဖော် ပြောဆိုထားပါတယ်။ လက်တွေ့ကျတဲ့ အကြံဉာဏ်တွေကို ပြောပြပေးထားတဲ့ ဒီစာအုပ်က ကိုယ့်ရဲ့ အလုပ်ခွင်အတွက်ရော၊ ပေါင်းသင်းဆက်ဆံရေးတွေ အတွက်ပါ လမ်းညွှန်ပေးနိုင်တဲ့ စာအုပ်တစ်အုပ် ဖြစ်မှာပါ။