How to be F*cking Awesome (2016) စာအုပ်က ဘယ်လို ဆင်ခြေမျိုးတွေမှ မပေးဘဲ ကိုယ့်ဘ၀ရဲ့ ပန်းတိုင်တွေကို ရောက်ရှိနိုင်ဖို့အတွက် လက်တွေ့ကျတဲ့ လျှောက်လှမ်းရမယ့် အဆင့်တွေကို ပြောပြ ပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာ ကိုယ့်က လူအများစုတွေ မှားတတ်ကြတဲ့ ဘ၀ရဲ့ အမှားတွေ မပြုလုပ်မိဖို့အတွက်၊ ကိုယ့်ရဲ့ ဘ၀မှာ အောင်မြင်စွာ နေထိုင်နိုင်ဖို့အတွက် ဦးတည်လုပ်ကိုင်ရမယ့် စည်းမျဉ်းစည်းကမ်းတွေကို ပြောပြပေးထားပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
- ကိုယ့်ရဲ့ ပန်းတိုင်တွေကို အောင်မြင်စွာ ရောက်ရှိအောင် လုပ်ဆောင်ချင်ပေမယ့် လမ်းခုလတ်မှာ ရပ်တန့်နေမှာကို ကြောက်ရွံ့နေတဲ့ သူတွေ
- ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းတစ်ခုကို စတင်လုပ်ဆောင်ဖို့အတွက် အသင့်ဖြစ်နေတဲ့သူတွေ
- ကိုယ့်ရဲ့ အလုပ်လုပ်ဆောင်မှုတွေကို ပိုမို တိုးတတ်လာစေချင်တဲ့သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။