How to Break Up With Your Phone (2018) စာအုပ်က ဒီနေ့ခေတ်မှာ လူတွေ ကြုံတွေ့နေရတဲ့ ဖုန်း အလွန်အကျွံ သုံးစွဲနေခြင်း ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့အတွက် ကူညီပေးနိုင်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဘာရယ် မဟုတ်ဘဲ ဖုန်းကို ကောက်ကိုင်လိုက်ပြီး အချိန်အကြာကြီး ဖုန်းထဲမှာပဲ အာရုံစိုက် နစ်မျောနေခြင်းက ကိုယ့်အတွက် ဘာအကျိုးမှ ဖြစ်ထွန်းစေမှာ မဟုတ်ပါဘူး။ ကိုယ် လုပ်စရာရှိတဲ့ အလုပ်တွေလည်း ပြီးဆုံးစေမှာ မဟုတ်ပါဘူး။
ဒီတော့ ဖုန်း အလွန်အကျွံ သုံးစွဲမှုတွေကို ရက် (၃၀) စာ အစီအစဉ်နဲ့ လျော့ချနိုင်ဖို့အတွက် နည်းလမ်း ကောင်းတွေကို ဒီစာအုပ်ထဲမှာ ဖော်ပြပေးထားပါတယ်။