How to Change (2021) စာအုပ်က သင့်ရဲ့ ပန်းတိုင်တွေကို မရောက်ရှိအောင် တားဆီးထားတဲ့ အတားအဆီးတွေကို ကျော်ဖြတ်နိုင်ဖို့အတွက် နည်းလမ်းတွေကို ရိုးရှင်းစွာ လမ်းညွှန်ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ ကျွန်တော်တို့ အများစု ကြုံတွေ့နေရတဲ့ ပြဿနာတွေ ဖြစ်တဲ့ ပျင်းရိမှုတွေကနေ စလို့ မဆင်မခြင် တဇွတ်ထိုး ပြုမူလုပ်ဆောင်တတ်တဲ့ အလေ့အကျင့်တွေကို ဘယ်လိုမျိုး အနိုင်ယူရမယ် ဆိုတာနဲ့ ဒီပြဿနာ တစ်ခုချင်းစီအတွက် တိကျစွာ သုတေသန ပြုလုပ်ထားတဲ့ ပြဿနာ ဖြေရှင်းနည်းတွေကို ရှင်းပြပေးထားပါတယ်။ ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။ • အလုပ်ကိုမှ ဟိုတစ်စ ဒီတစ်စ ပစ်ထားပြီး ဘယ်တော့မှ ပြီးမြောက်အောင် မလုပ်ဆောင် နိုင်တဲ့သူတွေ • ရည်မှန်းချက်တွေအတိုင်း မဖြစ်လာအောင် တားဆီးနေတဲ့၊ ဆိုးဝါးလှတဲ့ အလေ့အကျင့် ရှိနေသူတွေ • သူတို့ရဲ့ ပြောင်းလဲနိုင်စွမ်းအား အပေါ်မှာ သံသယ ရှိနေကြတဲ့သူတွေ ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။
