How to Have a Good Day (2016) စာအုပ်က သင့်ရဲ့ တစ်နေ့တာ အလုပ်ခွင်မှာ အကောင်းဆုံး နည်းလမ်းတွေနဲ့ အလုပ်တွေကို အောင်မြင်စွာ လုပ်ကိုင်နိုင်စေဖို့အတွက် စိတ်ပညာပိုင်းနယ်ပယ်၊ စီးပွားရေးနယ်ပယ်က လေ့လာတွေ့ရှိချက်တွေကို အခြေခံထားပြီး လက်တွေ့ကျတဲ့ အကြံဉာဏ်တွေကို လမ်းညွှန်ပြောပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာ ပါဝင်တဲ့ နည်းလမ်းတွေက ဒီနေ့ခေတ်ရဲ့ အလုပ်ခွင်မှာ ကြုံတွေ့နေရတဲ့ စိတ်ဖိစီးမှုတွေ ကြားထဲမှာ သင့်ရဲ့ စွမ်းရည်တွေကို မြှင့်တင်နိုင်ဖို့နဲ့ ပရော်ဖက်ရှင်နယ်ကျကျ အလုပ်လုပ်ကိုင်နိုင်ဖို့ အတွက် ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့အတွက် ကူညီပေးနိုင်ပါတယ်။
ဘယ်လိုသူတွေ ဖတ်ရှုဖို့အတွက်လဲ။
• အလုပ်တွေကို အထိရောက်ဆုံး၊ စွမ်းရည်အပြည့်၀ဆုံး လုပ်ကိုင်ချင်ကြတဲ့ ပရော်ဖက်ရှင်နယ် ဝန်ထမ်းတွေ
• အလုပ်တစ်ခုကို လုပ်ကိုင်တဲ့နေရာမှာ အချိန်ဆွဲနှောင့်နှေးနေတတ်သူတွေ
• အလုပ်ခွင်မှာ ပိုမိုကြီးမားတဲ့ အကျိုးသက်ရောက်မှု၊ ထိရောက်မှုတွေကို လိုချင်ကြတဲ့သူတွေ
ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။