How to Lead Smart People (2019) စာအုပ်က ဒီနေ့ခေတ်ရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲနေတဲ့ ပုံစံတွေကြားထဲမှာ ခေါင်းဆောင်မှုအတွက် လက်တွေ့ကျတဲ့ အကြံဉာဏ်တွေကို ဖော်ပြပေးထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာ ခေါင်းဆောင်တွေက ကိုယ့်ရဲ့ အဖွဲ့ဝင်တွေကို စိန်ခေါ်မှုတွေနဲ့ စိတ်ဓာတ်တတ်ကြွလာ အောင်၊ သူတို့အတွက် လှုံ့ဆော်မှုတွေ ဖြစ်လာအောင် ဘယ်လိုမျိုး ပါဝင်ပူးပေါင်း လုပ်ဆောင်နိုင်မလဲ ဆိုတာတွေကို သင်ယူနိုင်မှာ ဖြစ်ပါတယ်။
အတော်ဆုံးလူတွေကို ဦးဆောင်နေရတာက တကယ် မလွယ်ပါဘူး။ သူတို့တွေက အကြောင်းအရာ တော်တော်များများကို သိနေလေ့ ရှိသလို ဒီလို သိနေတယ်လို့လည်း သူတို့ကိုယ် သူတို့ ထင်နေကြ တဲ့သူတွေ ဖြစ်ပါတယ်။ ဒီအခြေအနေက ခေါင်းဆောင်ဖြစ်သူတွေကို အကြပ်အတည်းတွေ ဖြစ်စေပါတယ်။ ဦးဆောင်ဖို့ မလိုဘူးလို့ ထင်ထားတဲ့သူတွေကို ကိုယ်က ဘယ်လိုနည်းနဲ့ ဦးဆောင်နိုင်မလဲ။